ကျွန်တော်ရေးမိသမျှလေးတွေ

Tuesday 19 March 2013

ချစ်သူလေး သိစေဖို့

 ရာဇ၀င် သမိုင်းထဲက ထရိုင်ဂျန်မြင်းရုပ်
ငါ့ရင်ဘတ်မြို့ရိုးတံခါးဝကိုရောက်လာခဲ့

ဂျူးလိယက်ဆီဆာရဲ့ အရင်းနှီးဆုံးသွေးသောက်
ဘရူးတပ်က ငါ့ပုခုန်းကို ဖက်လိုက်တဲ့ အချိန်

Monday 18 March 2013

အတိတ် ပစ္စုပ္ပန် အနာဂတ် = ??????

စားဖားတွေ စားဖားတွေ
ဖားစားတဲ့သူတွေက သိပ်သိပ်ကြိုက်
သူတို့စရိုက်နဲ့  ဘ၀င်မှာခိုက်
လိုက်လည်းလိုက်ကြပါရဲ့

ဒီရေလှိုင်း တူးဆွမိသော ကဗျာအပိုင်းအစများ (လင်္ကာဆိုသည်မှာ)

ဒီတစ်ခါ ဒီရေလှိုင်း တူးဆွမိတဲ့ ကဗျာ ရတနာက လင်္ကာဖြစ်ပါတယ် ။  လင်္ကာ ဆိုတာ မြန်မာကဗျာလောကမှာ အစောဆုံးပေါ်ပေါက်ခဲ့ပြီး ခုခေတ်တိုင်သုံးစွဲနေတဲ့ကဗျာ ပုံစံတစ်ခုပါ ။ ပထမဆောင်းပါးနဲ့ ခုဒုတိယဆောင်းပါး ကြားမှာ အချိန်တွေ ကွာခြားချက်များ သွားတာကလည်း လင်္ကာသမိုင်းရဲ့ ၀ိရောဓိတွေကြောင့် ချိန်ဆမှုတွေ တွေဝေမှုတွေများနေခဲ့လို့ပါ ။

Saturday 16 March 2013

ဒီရေလှိုင်းဆွဲထုတ်မိသော ကဗျာအပိုင်းအစများ(၂)

နိဒါန်းလေးနည်းနည်းပြောမယ်နော်
ဒီပိုစ့်လေးကို ရေးဖို့ ဒီရေလှိုင်း အချိန်တော်တော်ကြာကြာချိန်ဆနေရပါတယ် ။ စဉ်းစားချင့်တွက်နေရပါတယ် ။ ဘာကြောင့်လည်းဆိုတော့ ကျယ်ပြန့်လှတဲ့ ကဗျာ အကြောင်းဖြစ်နေလို့ပါပဲ ။ အယူအဆ ၊အဆိုအမိန့်ဖွင့်ဆိုချက်တွေ အမျိုးမျိုးရှိနေတဲ့ ကဗျာအကြောင်းဆောင်းပါးရေးဖို့

စိတ်ကြည့်မှန်

လွန်ခဲ့သော တစ်လခန့်အချိန်ကဖြစ်ပါသည် ။ ကျွန်တော်သည်  ထိုအချိန်၌ ဆိုရှယ်နက်ဆိုဒ်တစ်ခုထဲသို့ ၀င်ရောက်ပေးပါရန် ဖိတ်ခေါ်သောအလုပ်လေး တစ်ခုကို
လုပ်နေပါသည် ။ အွန်လိုင်းပေါ်တက်လာသူ တစ်ယောက်ကိုတွေ့တိုင်း   အဆိုပါဆိုဒ်

ဆူးဒါဏ်မှ မပြယ်မီ

ကျွန်တော့လက်က အကင်းမသေးသော ဒါဏ်ရာလေးကိုငုံ့ကြည်မိသည် ။ ဒါဏ်ရာလေးက ရေးရေးလေး ထင်ကျန်ဆဲပင်ဖြစ်သည် ။
ဆူးဒါဏ်မှ  မပြယ်သေး ဆူးပင်လေးကတော့ ကွယ်ခဲ့ရှာလေပြီ ။

လွဲနေသော ပစ်မှတ်များ

မှား  မှား မှားနိုင်လွန်း
ခံယူချက်စာမျက်နှာမှာ
ကြက်ခြေခတ်ရာတွေအပြည့်
အနီရောင်မင်သက်သက်ဖြည့်ထားတဲ့

အနီကတ်များ


နိဒါန်းလို့
အမည်မတတ်ခင်က
အဆုံးသတ်နေတဲ့ ဇာတ်လမ်း
နိဂုံးအခန်းတောင်
ဖတ်စရာမလို
ပထမ၀ါကျမှာထဲက
သေရတဲ့ ဇာတ်ကောင်ဘဝ

Wednesday 13 March 2013

မြူ


နယ်ရှစ်ခွင် ရစ်ကာသိုင်းပါလို့
မြူမှိုင်းတို့ လှပန်းချီ
သန္တာရည် နီအဆင်းတွေက
တစ်တောလုံးဖြန့်ကျက်စီ ။

ချိန်ခါညီ ၊ သရဖီရွှေအဆင်းတွေနဲ့
ကြူကြူသင်းမွှေရနံ့
သင်းပျံ့လှိုင်ပြီ
မိန်ရာသီ လတပေါင်းပေမို့
ရှုလေတိုင်း လှစုံညီ ။

ပုဆိုးတစ်ထည်၏ အတ္ထုပ္ပတ္တိ

အသစ်ဘ၀မှာတော့
ချစ်ကြလိုက်တာ
ကျွန်တော်မပါရင် ပွဲမတိုး
ရှိုးစမိုးကျကျ
ပိုးပုဆိုးလှလှလေးတဲ့ ………………

ပုဆိုးအသစ်ကနေ

Tuesday 12 March 2013

ဒီရေလှိုင်း၏ နှလုံးသားကို ခြောက်လှန့်နေသော စာတစ္တေတစ်ပုဒ် (သို့) နွံ


ငွေတစ်မတ်နှင့် ငါးကြင်းခေါင်းကိုင်ခြင်းမဟုတ်ကြောင်း ကြိုတင်ပြောကြားပါရစေ ။
    တစ်ချိန်တုန်းကာလများဆီက လူသားများ၏ ကိုယ်ရည်ကိုယ်သွေးကို အသိဥာဏ်ပြကိန်း
( IQ ) ဖြင့် သတ်မှတ်ပြဌာန်းခဲ့ပါတယ် ။ ၂၁ရာစုကိုရောက်လာတဲ့အချိန်မှာတော့ အသိဥာဏ်ပြကိန်းတစ်ခုထဲနဲ့ ကိုယ်ရည်ကိုယ်သွေးအဆင့်ကို သတ်မှတ်ပေးဖို့ မလုံလောက်တော့ဘူးဆိုတဲ့ အယူအဆကို အားလုံးလက်ခံလာပါတယ် ။ ဥာဏ်အရည်အသွေး ကောင်းပေမဲ့ ချစ်ခင်စရာ ၊ သနားစရာ ၊ ကြောက်ရွံ့စရာ  စက်ဆုတ်စရာတွေကို မကြည့်မြင်မခံစားနိုင်ခဲ့ဘူးဆိုရင် လူသားပီသမှုနဲ့သွေဖီပြီး စက်ရုပ်လူသားတွေဖြစ်ကုန်ကြတော့မှာပါ ။
ဒါကြောင့် အဆင့်မြင့်လူသားအဖွဲ့အစည်းတစ်ရပ်လုံးက ခံစားမှုပြညွှန်းကိန်း(EQ) ကို တညီတညွတ်ထဲနဲ့ သတ်မှတ်လက်ခလာခဲ့ပါတယ် ။ ရသခံစားနိုင်မှသာ ငြိမ်းချမ်းလှပတဲ့ လောကနယ်ပယ်ကို တည်ဆောက်နိုင်ကြမှာဖြစ်ပါတယ် ။ ဒီလို ရသခံစားနိုင်မှု မြင့်မားလာစေဖို့ရသစာပေအမျိုးအစားတွေ  အားကောင်းမောင်းသန် ဖြစ်ထွန်းဖို့ အလွန်အရေးကြီးပါတယ် ။မကြာတော့မဲ့ အချိန်တစ်ခုမှာ On line media ဟာ

Monday 11 March 2013

ဒီရေလှိုင်းနဲ့ ဂျင်ကလေး


ဒီရေလှိုင်းရဲ့ ငယ်ဘ၀လေးတုန်းက စူးရှနာကျင်စွာ ခံစားရသော အဖြစ်အပျက်လေးတစ်ခုလို့
ကြိုတင်ပြောပါရစေလေ ။

ဒီရေလှိုင်းရဲ့ဘ၀မှာ ကံကောင်းခြင်း လက်ဆောင်ကို မရခဲ့ပါဘူးလေ ။

ဒီရေလှိုင်း ငယ်ငယ်တုန်းကသိပ်ပြီးချူခြာခဲ့တာ ။

မွေးရာပါနှလုံးရောဂါကလည်းရှိတယ်ဆိုတော့ အရိပ်တကြည့်ကြည့်နဲ့ အမြဲဂရုတစိုက် စောင့်ကြည့်ခြင်းကို ခံနေရတဲ့ ကလေးတစ်ယောက်လေ ။ ပိတ်ပင်တားမြစ်မှုများစွာနဲ့

ကလေးဘ၀ရဲ့ နေ့ရက်များကို ကျော်ဖြတ်ခဲ့ရသူလေးပါ ။

သူများကလေးတွေ ပျော်ရွှင်ကြည်နူးစွာ ကစားနေတာကိုမြင်တိုင်း

ပြူတင်းပေါက်လေးကနေ ထိုင်ငေးနေရတဲ့ ကလေးလေးတစ်ယောက်ပေါ့ ။ ငယ်ငယ်တုန်းကဆို အနိုင်အရှုံးသတ်မှတ်ထားတဲ့
နေလင်းဖြိုး(နည်းပညာ)နှင့်ကိုညီလင်းနှိုင်ဖန်တီးပါသည်