ငွေတစ်မတ်နှင့် ငါးကြင်းခေါင်းကိုင်ခြင်းမဟုတ်ေ
တစ်ချိန်တုန်းကာလများဆီက လူသားများ၏ ကိုယ်ရည်ကိုယ်သွေးကို အသိဥာဏ်ပြကိန်း
( IQ ) ဖြင့် သတ်မှတ်ပြဌာန်းခဲ့ပါတယ် ။ ၂၁ရာစုကိုရောက်လာတဲ့အချိန်မှာေ
ဒါကြောင့် အဆင့်မြင့်လူသားအဖွဲ့အစည်းတစ်
Printed media ကို ဖြတ်ကျော်ဖို့ ရှိနေပါပြီ ။ လူသားများစွာက On line media ကို တွင်တွင်
ကျယ်ကျယ် အသုံးနေပြုမဲ့အချိန်နဲ့ တပြေးညီ ရသစာပေဖွံ့ဖြိုးတိုတက်ဖို့ဆိုတာ
ခေတ်ရဲ့ စိန်ခေါ်မှု တောင်းဆိုမှုတစ်ခုဖြစ်လို့လာပါ
စေတနာလေးတစ်ခုထဲနဲ့ ဒီပိုစ့်လေးကို ဒီရေလှိုင်းရေးခဲ့တာပါ ။ ကိုယ့်ကိုကိုယ် တတ်လှ
တော်လှပြီ ထင်လို့ ဒီပိုစ့်ကိုရေးခဲ့တာ မဟုတ်ပါဘူး ဆိုတာရယ် ၊ ကိုယ်နဲ့ခင်မင်တဲ့သူရဲ့
စာတွေမို့ညွှန်းဆိုခြင်း ပြုခဲ့တာ မဟုတ်ဘူးဆိုတာရယ်ကို စာဖတ်တဲ့သူတွေကိုလည်း သိစေချင်ပါတယ် ။ တတ်သလောက်လေး လေ့လာထားသလောက်လေးနဲ့ ရေးခဲ့တာပါ ။
ငွေတမတ်နဲ့ ငါးကြင်းခေါင်းကို တက်ကိုင်ခဲ့တာမဟုတ်ဘူးလို့ ကြိုတင် ပြောကြားခဲ့ပါရစေ။
ရသစာပေနဲ့ ပတ်သက်လို့ ပညာရှင်များက အယူအဆအမျိုးမျိုးနဲ့ ဖွင့်ဆိုခဲ့ကြပါတယ်။
ညွှန်းဆိုချက်တွေများစွာနဲ့ သတ်မှတ်ပြဌာန်းခဲ့ကြပါတယ် ။ ဒီရေလှိုင်း ကတော့ ရသစာပေဆိုတာကတော့ ဖတ်သူရဲ့ စိတ်နှလုံးသားကို တစ်စုံတစ်ရာထိရှခံစား အတွေးလေးတွေပေးတဲ့ စာပေမျိုးကို ရသစာပေလို့ ညွှန်းဆိုချက်ပြုချင်ပါတယ် ။
အားလုံးသိတဲ့အတိုင်းပါပဲ ချစ် ရွှင် သနား စတဲ့ ရသ(၉)ပါးထဲက တစ်စုံတစ်ခုသော ရသကို
ခံစားမှု ရရှိစေတယ်ဆိုရင် ရသစာပေထဲ အကျုံးဝင်နေခဲ့ပါပြီပေါ့ ။ On line media မှာက ရသစာပေအမျိုးအစားက ရှားပါးပစ္စည်းဖြစ်နေပါသေးတယ်။ ရေးထားတဲ့ ရသစာပေတွေ
ထဲမှာဆိုရင်လည်း စိတ်နှလုံးကို အကြီးအကျယ် သိမ်းကျုံးဆွဲငင်ထိရှနိုင်တဲ့ စာပေမျိုးက ပိုပြီး
ရှားပါးနေပါသေးတယ်ဆိုပါမယ် ။ ဒါလိုပြောပေမဲ့လည်း On line ထဲက တစ်ချို့ ရသစာပေ
တွေက Printed media တွေနဲ့ စီးချင်းယှဉ်လို့ရနေတာကိုလည်း တွေ့မြင်နေရပြီဖြစ်ပါတယ်။
ရသ ကို အလွန်အကြူး တိမ်းမူးခဲ့တဲ့ ဒီရေလှိုင်းရဲ့ ရင်ထဲကို ခုထိ ခြောက်လှန့်ခံစားနေတဲ့
မှော်ဆန်လွန်းတဲ့ ပိုစ့်လေးတစ်ခုကို ညွှန်းဆိုခဲ့ပါတယ်။ဖတ်ပြီးတဲ့အချ
နွံဆိုတဲ့ ရသ၀တ္ထုတိုလေး ကလောင်မှော်ကဝေ လွင့် ဖန်တီးရေးသားခဲ့တာပါ ။
ခေါင်းစဉ်လေးကို ကြည့်လိုက်ရတာနဲ့ နွံဆိုတဲ့ နာမည်တိုတိုလေးက ၀တ္ထုကို မဖတ်ပဲနဲ့
မနေနိုင်အောင် ဆွဲဆောင်နိုင်အားက ကြီးမားလွန်းလှပါတယ် ။ နွံဆိုတာက ညစ်နွမ်း
ပေကျံတတ်သော ၊ စုံးစုံးနစ်မြုပ်စေတတ်သော လို့ ဖွင့်ဆိုနိုင်ပါတယ် ။ ဘယ်သူက ညစ်နွမ်း
ပေကျံမှာလည်း ၊ ဘယ်အရာက အောက်ဆုံးအထိ နစ်မြုပ်စေမှာလည်းဆိုတဲ့ အတွေးမျိုး
တွေးနိုင်အောင်ဖွင့်ထားခဲ့ပါတယ် ။ နိဒါန်းအပျိုးလေး ဖတ်ကြည့်လိုက်တဲ့ အခါမှာလည်း
ပြီးဆုံးတဲ့တိုင်ဖတ်ကြည့်ချင်ေ
ဒီဝတ္ထုတိုကိုဖတ်ပြီးတဲ့အခါ...အာ
မတွေးလိုက်ကြပါနဲ့...တကယ်ဖြစ်ပျ
ဒီလို စာသားလေးတွေနဲ့ နွံရဲ့ ကန့်လန့်ကာကိုဖွင့်ထားခဲ့ပါတယ် ။ စပြီးဖတ်လိုက်တာနဲ့
လွင့်ရဲ့ ၀တ္ထုတိုအရေးအသားအတတ်ပညာ မှော်ဝင်နေတဲ့ အရေးအဖွဲ့ ၊ ထူးခြားဆန်းပြားတဲ့
ဇာတ်လမ်းဖွဲ့စည်းပုံကြောင့် ၀တ္ထုတိုလေးကို မရပ်မနား အဆုံးအထိ ဖတ်ခဲ့မိပါတယ် ။
ဒီ နွံဆိုတဲ့ ၀တ္ထုတိုလေးကို အဓိကဇာတ်ဆောင် သော်တာ ၊ ဥက္ကာ တို့ရဲ့ နားလည်လက်ခံရခက်သော အဖြစ်အပျက်လေးနဲ့ ဖန်တီးတည်ဆောက်ထားပါတယ် ။ သူရေးဟန် ၊ ၀ါကျတည်ဆောက်ပုံတွေက ဂျူးနဲ့တူသလိုလို ဆင်သလိုလိုဖြစ်နေပေမဲ့ သူပေးချင်တဲ့ Massage ကို ရအောင်ပေးနိုင်စွမ်းရှိပါတယ် ။ ဇာတ်ကောင်တွေရဲ့
စရိုက်ကို ပုံပေါ်အောင်လည်း တင်ပြနိုင်တာကိုတွေ့ခဲ့ရပါတယ် ။ အခန်း(၁)အစမှာထဲက
သော်တာဆိုတဲ့ အမျိုးသမီးရဲ့ စိတ်နေစရိုက်ကို ပီပြင်အောင် ကျစ်ကျစ်လစ်လစ်လေးနဲ့
ရေးသားနိုင်ခဲ့ပါတယ် ။ ဘ၀ကို ရုန်းကန်လာတဲ့ မိန်းမသားတစ်ယောက်မို့ မိန်းမမဆန်
စိတ်ကူးယဉ်ထဲမှာ မနစ်မျော လက်တွေ့သဘောနဲ့ကျင့်သုံးတတ်တဲ့
””သူမက သိပ်စပ်စပ်စုစုနိုင်လှသော မိန်းမမျိုးမဟုတ်ပါ။ ယောကျာ်းတစ်ယောက်၏ တစ်နေ့တာအစီအစဉ်တိုင်းကို အသေးစိတ်သိမနေချင်တာက သူမ၏အကျင့်တစ်ခုပင်။သူမကိုယ်တို
ဒီလိုဝါကျလေးတွေနဲ့ ပီပြင်စွာ ဇာတ်ပျိုး ပုံဖော်ခဲ့ပါတယ် ။ တစ်ဆက်ထဲမှာပဲ
ကိုကို့ အမျိုးသမီးသည် မည်ကဲ့သို့သောမိန်းမမျိုးဖြစ်
ဆိုတဲ့ မြှုပ်ကွက်လေးနဲ့ စာဖတ်သူကို ဇာတ်လေးလေးက ဘယ်လိုဆက်မှာလည်း
ကိုကိုက ဘယ်လိုအမျိုးသမီးနဲ့ ဘယ်လိုဖြစ်ပျက်ခဲ့တာလည်းဆိုတဲ့
အတွေးမျိုး၊ သိလိုဇောတွေဝင်လာအောင် ဇာတ်ကို ကျွမ်းကျင်လိမ္မာပိုင်နိုင်စွာ နှိုးပေးခဲ့ပါတယ် ။ စာရေးသူ လွင့်က ဇာတ်နှိုးပြီးတာနဲ့ ဇာတ်ရှိန်ကိုမြှင့်တင်လိုက်ပါ
ဥက္ကာရဲ့အကြောင်းကို သော်တာဖခင်က သိနေသလို အမေးနဲ့ ဆက်ရေးပြီးတော့မှ
ဇာတ်လမ်းရဲ့ အရေးကြီးဖြစ်ရပ်မှာပါဝင်တဲ့ သော်တာမိခင်အကြောင်းကို မြှုပ်ကွက်တစ်ခု
ဖန်တီးပြီး ဇာတ်ရှိန်ကောင်းအောင် ထပ်တင်လိုက်ပါတယ် ။ ခင်ပွန်းကောင်းပီသခဲ့သူကို
သစ္စာဖျက်ပြီး နောက်တစ်ယောက်နဲ့တွဲသွားတဲ့ အဖြစ်ကိုတင်ပြသွားတာလေးကလည်း ဖတ်သူရဲ့ ရင်ထဲမှာ နင့်ကနဲ ခံစားခဲ့ရပါတယ် ။ ဖခင်ကြီးရဲ့ မကျန်းမာတဲ့ ပုံရိပ် နွမ်းလျနေတဲ့
ပုံရိပ်လေးက အပြင်မှာဖြစ်တော့ မြင်နိုင်ပေမဲ့ ဖခင်ကြီးရဲ့ နှလုံးသာက ဒါဏ်ချက်အနာကို
ပါမြင်နိုင်အောင် ဆက်စက်မှုပြ သင်္ကေတ သဘောနဲ့ သုံးပြီးရေးထားတာလေးကလှပ နေပါတယ် ။ မိခင်ဖြစ်သူ ဒီလောကထဲမှာ ရှိနေသေးတယ်လို့ သိလိုက်ရတဲ့ သော်တာရဲ့ ခံစားမှုကို
သူမရင်ထဲမှ လင်းလင်းမြမြနွေးနေသည်။
ကမ္ဘာပေါ်မှာ သူမ မေမေအသက်ရှင်လျက်ရှိနေသေးသည် ဆိုသောအတွေးတွေက သူမသွေးတွေကိုနွေးထွေးစေပါသည်။
ဆိုတဲ့ ၀ါကျတိုတိုလေးနဲ့ ဖွဲ့ထားတာလေးကလည်း အပိုအလိုမရှိကွက်တိပဲဖြစ်နေတယ် ။
ဖခင်ဖြစ်သူက စကားပြောရတာမောလို့ ရေသောက်တာကိုရေးဖွဲ့ခြင်းက သူ့ရင်ထဲက အပူအမောတွေကို ရေသောက်တာလေးနဲ့ ပျောက်ပါ့မလား ၊ စကားပြောလို့မောလျတာထက် အတိတ်ရဲ့ အရိပ်ပြန်ထင်လာလို့ ပိုမောလျသွားတယ်လို့
ပညာသားပါပါ ဆက်စပ်ရေးဖွဲ့ထားတာလေးကလည်း ကောင်းနေပြန်ပါတယ် ။
သော်တာမေမေရဲ့ပုံရိပ်ကို မင်းအမေက အချစ်ကိုကိုးကွယ်တတ်တာကလွဲရင် ကျန်တဲ့နေရာတော်တော်များများမှာ သူတကာတွေထက်အရာရာပိုသာပါတယ်ကွာ ဆိုတဲ့ဝါကျလေးနဲ့ပုံဖော်ခဲ့တာ
ရဲ့ ကျစ်လစ်မှုကိုညွှန်းဆိုနေသလိုပါပဲ ။ သော်တာ့ရဲ့မေမေက မမိုးဖြစ်တဲ့အကြောင်း ၊ ရန်ကင်းမှာ အလှပြင်ဆိုင်ဖွင့်ထားကြောင်း သူ့ဖေဖေရဲ့စကားအရ သော်တာနဲ့ သူ့မေမေတို့ဘယ်လိုတွေ့ဆုံကြမလည်
ဥက္ကာရဲ့စရိုက်ကို
သူမခင်ပွန်း၏မျက်နှာမှာ အတန်ငယ်စိတ်ရှုပ်ထွေးရိပ်တွေနှင်
သူမမေးချင်စိတ်မရှိလှပါ။ ‘ဘာဖြစ်လို့လဲ’ ဟုမေးလိုက်လျှင်ထွက်ပေါ်လာဦးမည်
စိတ်မှာ ကိုကိုရဲ့ပုံရိပ်ကို ထင်မြင်လာစေပါတယ် ။ ကိုကိုက ဘယ်လို ဖောက်ပြန်မှုတွေလုပ်မှာလည်းဆိုတဲ
လွင့်က ဇာတ်လမ်းကို အကွေ့အ၀ိုက်လေးတစ်ခုနဲ့ ဖန်တီးခဲ့ပြတာကိုဖတ်ခဲ့ရပါတယ်။ သော်တာနဲ့ သူ့မိခင်တို့ ရိုးရိုးတွေ့ဆုံခြင်းမဟုတ်ပဲ ။ အလှပြင်ဆိုင်ကို အလှသွားပြင်သူအဖြစ်
သော်တာအကြိမ်ကြိမ်သွားပြီး မိခင်နဲ့ ရင်းနှီးမှုလေးကို ရယူတာလေးကလည်း ဆန်းသစ်နေပါတယ် ။ သော်တာနဲ့ သူ့မိခင်ကြားမှာ အကြိုက်တော်တော်များများတူတာကို
ဖော်ပြပြီးတော့ ဘယ်နေရာမှာ အကြိုက်ထပ်တူကြအုံးမှာလည်း ၊ အကြိုက်ချင်းတူမှုရဲ့ နောက်ဆက်တွဲက ဘာတွေဖြစ်လာအုံးမှာလည်းဆိုတဲ့ အတွေးမျိုးတွေ ဖတ်ရသူရဲ့ ရင်ကိုရောက်နိုင်အောင် ဖန်တီးခဲ့ပါတယ် ။ သော်တာမေမေရဲ့ လက်ရှိခင်ပွန်းဆုံးခဲ့တာ (၅)နှစ်ကျော်ခဲ့ပြီဖြစ်တဲ့အကြော
မေးခွန်းရဲ့အဖြေကိုလည်း စာဖတ်သူရဲ့နှလုံးသားက သိချင်လာခဲ့ပါတယ် ။ သူ့ချာတိတ်ကလည်း အိမ်ထောင်ရှိတဲ့အကြောင်းကိုဆက်
သူ့မိန်းမကသူ့ကိုနည်းနည်းကလေးမှ
သူဘယ်သွားသွား ဘာတွေလုပ်လုပ် ဘာကိုမှမမေးသလို ဘာမှလဲစိတ်မ၀င်စားပဲနဲ့ သိပ်အေးစက်လွန်းတယ်တဲ့။
ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့ဘူးတဲ့..အတွက်သူပေး
သူ့အတွက်ဆိုရင် မမိုးအရာအားလုံးကို သဒ္ဓါတယ်။ ” လို ရေးဖွဲ့မှုကလည်း သည်မိန်းမက ဘယ်သူဖြစ်လိ့မ်မလည်း ဆိုတဲ့ အတွေးမျိုးကို ဖတ်ရသူကိုဝင်ရောက်လာအောင်ဇာတ်ရှ
မြှင့်တင်လိုက်နိုင်ပါတယ် ။
ဖြောင့်မှန်တည်ကြည်သစ္စာရှိတတ်သူ ၊ မိခင်ကိုချစ်သော်လည်း မိခင်၏ မကောင်းသော စိတ်ဓာတ်အမွေကိုလက်မခံသူ ၊ မနှစ်မြို့သူသော်တာရဲ့ စိတ်ထားအလှကိုလည်း
သူတစ်ပါးရဲ့ အိမ်ထောင်ရေးတစ်ခုကို မိမိ၏စိတ်ပျော်ရွှင်မှု့တစ်ခုတည်း
မေမေရယ် ဒီအလုပ်မျိုးက အရမ်းအရမ်းကိုကြောက်စရာကောင်းလွ
အချစ်အတွက်စိတ်ကူးအိပ်မက်တွေထဲ
ဒီလိုလေးနဲ့ စိတ်ဝင်စားဖွယ်တင်ပြခဲ့ပါတယ် ။
သစ္စာပျက်လို့ ဖောက်ဖျက်တတ်သူ ကိုကိုနဲ့သော်တာတို့ရဲ့ အိမ်ထောင်ရေးအက်ကြောင်းကို
ပြန်ဆက်ဖို့ကြိုးစားနေတဲ့ သော်တာရဲ့ပုံရိပ်က စံပြုထိုက်တဲ့ တစ်လင်တစ်မယားစနစ်ကို
ကျင့်သုံးတတ်တဲ့ မြန်မာ့ အမျိုးသမီးစိတ်ထားပုံရိပ်လွှာကို မြင်ယောင်စေပါတယ် ။ သူရဲ့
အက်ကြောင်းကိုပြန်ဆက်ဖို့ ကြိုးစားမှုက အရာမှ ထင်ပါ့မလားဆိုတဲ့ အတွေးလေးတွေပေးပြီး စာဖတ်သူကိုဆက်လက်ဖမ်းစားစေခဲ့ပါ
သော်တာ့အမေရဲ့ချစ်သူက သူအင်မတန် ချစ်ခင်မြတ်နိုးရတဲ့ ချစ်ခင်ပွန်း ဥက္ကာဖြစ်တယ်ဆိုတာကို မမျှော်လင့်ပဲ သိသွားတဲ့အချိန်မှာ သော်တာရဲ့ နားလည်လက်မခံနိုင်ခြင်း ၊ ယုံကြည်ဖို့ခက်ခဲခြင်း ၊ တုန်လှုပ်ချောက်ခြားခြင်း၊ ခံစားရခက်လွန်းရခြင်း တွေကို
ကျောက်ရုပ်တစ်ရုပ်လို အသက်မဲ့လျှက် ကျန်ရစ်ခဲ့ရသူက….သူမ။
ဘုရားရေ လောကကြီးကဘာတွေ ဖြစ်ကုန်ပါလိမ့်
သူမခေါင်းထဲမှာ တရိပ်ရိပ်မူးဝေလို့လာသည်။ အသက်တောင်ရှုလို့မရတော့အောင် သူမရင်ထဲပြည့်နင့်မွန်းကျပ်လို
အား!
သူမ၏လောကကြီးတစ်ခုလုံး ရုတ်ချည်းအမှောင်ဖုံးသွားလေတော့
သော်တာရဲ့ ခံစားမှုကို စာဖတ်သူရဲ့ ရင်ထဲကို ကူးစက်စေနိုင်ခဲ့ပါတယ် ။
စာရေးသူလွင့်က သော်တာ ဆေးရုံတက်ပြီး ဆေးရုံကနေ ဇွတ်ဆင်းလာတဲ့ အကြောင်းပြောပြပြီး ဇာတ်လမ်းအရှိန်ကို အစွမ်းကုန်မြှင့်တင်ခဲ့ပါတယ် ။ သော်တာရဲ့ဆောက်တည်ရာမရတဲ့ပုံရိ
ပုံဖော်သွားတာဖြင့် ဖတ်သူကိုရုပ်ရှင်ကြည့်နေရသလို ထင်မြင်စေပါတယ် ။
သူမပုံစံက သရဲတစ်ကောင်လို ကြောက်စရာကောင်းနေသည်မှာသေချာ
ကုတင်ဘေးက ဘီဒိုပုလေးပေါ်က ပိုက်ဆံအိတ်ကိုလှမ်းယူပြီး မော်မော့်ထံပစ်ပေးလိုက်သည်။
ပိုက်ဆံရှင်းပြီးလိုက်လာခဲ့ ” ဒီဝ်ါကျလေးတွေနဲ့ ဇာတ်ထွတ်ရောက်အောင်ပို့ပေးခဲ့ပါ
သော်တာ ရဲ့ အပြင်ဒါဏ်ရာကသွေးတွေထွက်လာတာထက် သော်တာနှလုံးသားက ကွဲကြေတဲ့ သွေးတွေကိုပိုလို့သာမြင်ယောင်လာ
သူ့မေမေနဲ့ဖောက်ပြန်နေတဲ့ ခင်ပွန်းကို သော်တာက သွားရောက်တွေ့ဆုံခန်းကတော့
ဒီဝတ္ထုလေးရဲ့ ဇာတ်ထွတ်ပါပဲ ။ သူ့မေမေနဲ့ ဆက်ပြီးမတွဲဖို့ လက်မထပ်ဖို့ အမျိုးမျိုး
ပြောဆိုနေတဲ့ သော်တာရဲ့ပုံရိပ်ကလည်း ကြေကွဲစရာ သနားစရာကောင်းလွန်းနေပါရဲ့ ။
သူ့ခင်ပွန်းဆီက မယုံနိုင်လောက်အောင် ယုတ်ညံ့မှုတွေ ရက်စက်မှုတွေရရှိတဲ့ သော်တာရဲ့
ဆောက်တည်ရာမရ ရူးသွပ်မတတ်ဖြစ်နေတဲ့ပုံရိပ်လေး
ကလောင်စွမ်းကြောင့် အသက်ဝင်လှုပ်ရှားနေခဲ့ပါတယ် .ဖတ်သူရဲ့ရင်ထဲမှာလည်း
နားမလည်နိုင်ခြင်း ၊ ဆောက်တည်မဲ့ခြင်း ၊ လက်မခံခြင်းတွေကူးစက်လို့ လာပါတော့တယ်။
ဘယ်လိုမှ လက်ခံနိုင်စရာမရှိတဲ့ စကားလုံးကို ကြားလိုက်ရတဲ့အချိန်မှာ နာကျည်းမှုတွေရောက် အသိတွေပျောက်သွားတဲ့ သော်တာရဲ့ လက်တုန့်ပြန်မှုကို ရက်စက်လွန်းတယ် ကြမ်းကြုတ်လွန်းတယ်လို့မထင်မိေ
နွံရဲ့ ဇာတ်ထွတ်ပဲဖြစ်ပါတယ် ။ လက်မခံနိုင်ခြင်း ၊ အော့နှလုံးနာခြင်း ၊ ကြောက်လန့်ခြင်း
ချောက်ခြားတုန်လှုပ်ခြင်း ၊ အသိရခက်ခြင်းဆိုတဲ့ ခံစားမှုတွေပေါင်းဆုံခဲ့တဲ့ အခန်းဖြစ်ခဲ့ပါတယ် ။
လွင့်က ဇာတ်ထွတ်ကိုတင်ပြီးတာနဲ့ ဇာတ်ဆင်း ကိုဖန်တီးပါတော့တယ် ။ သူပြုမိတဲ့
အပြုကိုဝန်ခံ သူနဲ့ထိုက်တန်တဲ့(ဒီရေလှိုင်းရဲ
တရားရုံးတော်မှ အမှုစစ်ဆေးသောအခါ ကျွန်မသတ်ပါတယ်ကလွဲပြီး ဘာမှမပြောသော သော်တာသည်
ထောင်ဒဏ်ဆယ်နှစ်ကျခံရလေသည်။ရုံး
မော်မော် ဖေဖေ့ကိုသေသေချာချာဂရုစိုက်နော် ညီမလေး။။ဖေဖေ မေမေဘာကိုမှမသိပါစေနဲ့နော် သူနေလို့ရသလိုပဲ
နေပါစေတော့ ဒီအကြောင်းတွေသိရင် သူပါဒုက္ခရောက်သွားနိုင်တယ်..ဖေေ
ဇာတ်ဆင်းသွားတာလေးက ကြေကွဲဆို့နင့်စွာ လှပနေပါတယ် ။
စာရေးသူလွင့်က ဇာတ်ကို သင်ခန်းစာလေးတွေပေးပြီးသိမ်းခဲ့
လက်ထိတ်နှစ်ဖက်တန်းလန်းနှင့် သူ့ကိုကန်တော့သွားရှာသော
သမီးကိုဆုပင်မပေးလိုက်ရပါ။မောဟ၊
်လာမည့်ရက်ကိုသူလက်ချိုးရည်ရင်း စောင့်ဆိုင်းနေရပေဦးမည်။ ”မောဟနွံ ဒေါသနွံနက်နက်ထဲမှာနှစ်မြုတ်ခဲ့
သော်တာခံစားရတဲ့အဖြစ်ကို နိဂုံးချုပ်ပြီး နွံဆိုတာ ဘာကိုဖွင့်ဆိုတာလည်းဆိုတဲ့ အမေးကို
လှလှပပဖြေဆိုပြခဲ့ပါတယ် ။
ဒီပိုစ့်လေးကိုဖတ်ပြီးတဲ့ အချိန်မှာတော့ လွင့်ဆိုတဲ့ မှော်ကဝေရဲ့ နွံဆိုတဲ့ စာတစ္ဆေရဲ့
လှပတဲ့ချောက်လှန့်မှုကို ရင်မှာ အခါခါ ခံစားနေခဲ့ရပါတယ် ။ နူးညံ့တဲ့ ကြမ်းရှမှုတွေနဲ့
မကြာကြာ ဖမ်းစားညှို့ယူခြင်းကိုခံရနေပါ
အာရုံဝင်စားနေမိပါတော့တယ် ။
ဆောင်းပါး

No comments:
Post a Comment