ကျွန်တော်ရေးမိသမျှလေးတွေ

Monday 18 March 2013

အတိတ် ပစ္စုပ္ပန် အနာဂတ် = ??????

စားဖားတွေ စားဖားတွေ
ဖားစားတဲ့သူတွေက သိပ်သိပ်ကြိုက်
သူတို့စရိုက်နဲ့  ဘ၀င်မှာခိုက်
လိုက်လည်းလိုက်ကြပါရဲ့

မိုက်မြဲ မိုက်တဲ့ Tide က ပိပြား
တုံးအောက်ကဖားလိုပေါ့ ----------

အမိုးကိုသာ အသစ်မိုး
အုတ်မြစ်ကျိုးနေတော့
မယိုင့်တယိုင့် ဘယ်နှယ့် ခိုင်မှာလည်း
ထိုင်စရာပျဉ်ခင်းက အပေါက်တစ်ရာ
အကာကမလုံတလုံ
စိတ်ကုန်ဖို့တကယ်ကောင်း
တို့တွေစုပေါင်းလို့
ဒီအိမ်ကို တူညီပြင်
အစဉ်ခိုင်မာ လှစေကြောင်း-------


မိုးခါးရေတစ်ခွက်ပြီး တစ်ခွက်
လည်ပင်းဖက်လို့ သောက်နေတဲ့
အရူးတွေကြားမှာ မူးဝေလို့
မမှားအောင်ကြိုးစား
 နိုးနိုးကြားကြားနေသူကို
ရိုးသားစွာ မိုက်မဲတယ်လို့
အလိုက်တတလွဲ ဥာဏ်တွေနဲ့ ဘယ်လိုပြောပြော
Tide ငနဲက နှလုံးစိတ်မကွက်
ခရီးဆက်မယ်ဟေ့ ------------

တစ်ခါကတော့ တော်လှန်သမား
ခုတော့ အပေါ်ယံစကား
မလျော်ဥာဏ်များနဲ့ ဖော်လံဖား
ကော်လံစားသတင်းထောက် ပါပါရာရာဇီလို
ဘာညာ မဒီတွေနဲ့ အီနေ ရီဝေေ၀နဲ့
မပီလေတဲ့ မင်းသမိုင်း
ရိုင်းလုလု ချောက်ကမ်းပါး
လက်တစ်လုံးသာခြား
ခုန်သွားမလား ၊ ရပ်မလား ----------

အနောက်စည်းရိုးကို
ဖောက်ပြီးချိုးပြေးဝင်လာတဲ့
 တောခွေးအူအံတွေ ဆူညံ
တို့ခြံမှာ ထင်ရာစိုင်း
ရိုင်းချင်တိုင်း ရိုင်းတဲ့အမှုကို
ကာကွယ်မှုတွေပြု
တို့မိသားစုအရေးမှာ
ပထွေးစကားကြောင့်
မင်းအတွေးမမှားနဲ့
သွေးစကားပြောစို့
သူငယ်ချင်း - ------------ ။
(တစ်ချိန်ခါက သူငယ်ချင်းများသို့)

No comments:

Post a Comment

နေလင်းဖြိုး(နည်းပညာ)နှင့်ကိုညီလင်းနှိုင်ဖန်တီးပါသည်