ကျွန်တော်ရေးမိသမျှလေးတွေ

Tuesday 4 December 2012

အချစ်မရှိတဲ့ကိုယ်ဖြစ်လိုပါကြောင်း


အချစ်မရှိသည့်ကိုယ်ဖြစ်လိုပါသည်.....
--------------------------------------------
အော်ဒါအချစ်တဲ့လား
ကုထုံးမှားနေတဲ့
ဆေးခါးခါးကြီး တစ်ခွက်ကို
တစ်ရက်ပြီးတစ်ရက်မြိုချ
အလိုမကျလို့
ငိုရမတတ်ခံစားနေရတာများ ----

အော် ဒါအချစ်မြှားတဲ့
ပစ်ထားလိုက်တာဆူးတွေ
စူးနေလိုက်တာများ
မူးဝေလို့ ၊ ရူးစေမတတ်
ဘ၀မှာ မနေတတ်အောင် အသေသတ်နိုင်ပုံများ -

အော် ဒါအချစ်ရုပ်ရှင်တဲ့
အဟုတ်မထင်နဲ့ဗျ
အရှုပ်အသွင်နဲ့
လုပ်ချင်တာတွေလုပ်ကျ
ဒုက္ခ ဆိုတာအချစ်တဲ့လား -


မိန်ရာသီရဲ့ ဓမ္မ


မိန်ရာသီ တပေါင်း
လှကြောင်းရယ်နဲ့ စာဖွဲ့သီ ။

သရဖီခိုင် ရွှေဖီဦးတွေနဲ့
သည်နွေမှာ ပုရစ်ဖူးတွေက
လှရည်လူး မာန်ဝင့်ချီ ။

ဟန်အလှ တင့်တယ်စွာ
မာန်ပြ၀င့်ထည်ကာ ကြည်ရွှင်မြူး
ပွင့်ပုံတွေသစ်ဦးနဲ့
လှပုံတွေ စွင့်မြူးပါတဲ့
ပုရစ်ဖူး ခိုင်ရွှေညှာက
သည်ချိန်မှာ  ဝေဆာလှပေမဲ့
အသေအချာ
မြေကမ္ဘာကို
ကြွေကာကျမယ်ကွဲ့
ဘယ်အရာ အစဉ်သာ လှမှာလဲ
ဘယ်အရာ ဘယ်ခါမှမြဲပါဘူး
ပုရစ်ဆင်းမှ ရင့်ရော်ရွက်ရင်း

Monday 3 December 2012

ကာရန်ခန်းတဲ့ ကဗျာမြစ်

သူကလောင်လက်က
အဆက်မပြတ်
စက်သေနတ်ပစ်သလို
ကာရန်တွေ မရပ်မနား အစဉ်
ကဗျာသခင်တစ်ယောက် တဲ့
အော်---- ခုတော့
မစ်ဖိုင်းရား*
ပစ်တိုင်းမသွား
သစ်ကိုင်းနားတဲ့ ငှက်ကလေးတွေက
လှောင်လှယ်ပြနေ
ကာရန်တွေ မပီသ

လွမ်းတမြေ့မြေ့ပါ မေမေရယ်

မေမေ့ ကရုဏာရုပ်သွင် သားမှာမမြင်
မေမေ့ အကြင်နာ ရင်ခွင် သားမခိုဝင်ရ
မေမေ့ မေတ္တာသံစဉ်စကား သားမကြား
သားနဲ့ ကမ္ဘာတစ်ခြားကို ဝေးလွင့်
ခုပြန် တွေးစစ်လိုက်ရင်
လေးနှစ်တောင်ရှိခဲ့ပေမဲ့
သားဘ၀မှာ တစ်နေ့မှ မေ့မရ
မခြား တစ်ခဏတာ မနေ့ကလို့ ထင်မှတ်ဆဲပါမေမေရယ် ။

မိုးရေတွေ တစ်စက်စက်ကျ
လျှပ်စီးတွေ တဖျတ်ဖျတ်လက်

အနတ္တ သံဝေဂ

ကိုယ့်ရွက်ထိပ်ဖျားမှ
ခိုတွဲနေတဲ့ နှင်းစက်လေးကို
ကိုယ်ပိုင်ရတနာလို့ ထင်နေပေမဲ့
နေခြည်လည်းလာရော
မြက်ဖျားနှင်းလေးက
အငွေ့ပြန်သွားခဲ့တယ်လေ ။

မီးခွက်လေးထဲက ဆီကြောင့်
လင်းနေတဲ့မီးတောက်လေးကိုလည်း
ထာဝရအလင်းလို့ ထင်နေတယ်
ဆီလေးလည်းကုန်ရော
မီးတောက်လေးက ငြိမ်းသွားခဲ့ပြန်ရော ။

ကမ်းစပ်ကို ရိုက်ခတ်နေတဲ့
လှိုင်းလေးတွေကို

မီးပြတိုက်ရဲ့ ငိုရှိုက်သံ


အဏ္ဏ၀ါရေဇလာ
ရိုင်းချက်ပြင်းပြင်းနှောက်
သိုင်းကွက်နင်းသလို
ကျောက်ဆောင်တွေကြောင့်
ရေယာဉ်တွေမချောက်ချားပဲ
မှောက်မသွားစေဖို့
ထောက်ထားကာ အကူအညီပေး
သူကမိးပြတိုက်လေးပေါ့  ။

အပြောကျယ်တဲ့ ရေပင်လယ်ရဲ့
ဥပါယ်တံမျဉ်လှိုင်းတွေက
တဒိုင်းဒိုင်းနဲ့

လှေကား

သူ့ခြေလက်နဲ့ ထမ်းပိုး
သူ့အရိုးတွေနဲ့ ကာရံထား
သူ့ အသွေးအသားနဲ့ ခင်း
သူ့နှလုံးသားကို ငြင်းဆန်
အနင်းခံတဲ့ လှေကားတစ်စင်းပါ ။

အသာအယာကြွလို့
သာသာဖွဖွနင်းသူတွေ
ကြမ်းကြမ်းရိုင်းရိုင်း
ဝုန်းဒိုင်းကြဲနင်းကြသူတွေ
ဖုံမှုန့်တွေပေ
ရွှံ့ရေပရဗျစ်

နေလင်းဖြိုး(နည်းပညာ)နှင့်ကိုညီလင်းနှိုင်ဖန်တီးပါသည်