ကျွန်တော်ရေးမိသမျှလေးတွေ

Sunday 18 November 2012

ပစ္စုပ္ပန်


ဘ၀ကခါး
ခဏခဏဖျားနေတော့
အလှအပတရားအမြင်မှာ ထုံကျင်လို့
ကတုန်ကယင်နဲ့
မတိကျ
ဘယ်ရသမှ မထိရှနိုင်ခဲ့ . . . . . . .


သိမှုနယ်ပယ်ထဲမှာ
အရှိတစ်ခုကိုတွယ်တာ
ညိမှုကိုဖယ်ခွာပေမဲ့
တကယ်သာ မလွယ်အပူတွေနဲ့
ကယ်သူရယ်မဲ့ . . . . . ..


မြို့ပျက်


ဆားသည် ခွေးမောင်းကင်းစောင့်
ငါးသည် ကောင်းကောင်းအိပ်လို့ဟောက်
တောက်လျှောက်ပြေးမဲ့ ပြိုင်မြင်းတွေလည်း
အပြိုင်ပျင်းကာ
မလှုပ်တလှုပ် ကျောက်ရုပ်
ခုံတွေကလှုပ်နေရ
အဲလို ဇာတ်ရုပ်တွေကတဲ့မြို့ ---------

သူပုန်လာတော့ အကုန်သာပြေး
သူပုန်ဝေးမှ
ချုံဘေးက ထကြွ
ငါကွ ဘာရမလဲဆိုပြီး ဟိတ်တွေလုပ်
အမိန့်တွေထုတ်
အဲလိုအရှုပ်တွေနဲ့
ဟုတ်ကိုဟုတ်နေတဲ့မြို့ -----


ငါဒီရေလှိုင်း


သူများလို တို့မရိုင်းတယ်
တိုင်းသိပါရဲ့
သမိုင်းအရှိမှာ
မှိုင်းမိသလို အီစီကမာ
ပလီပလာ
မသဒီစရာ ယောင်တောင်တောင်နဲ့
ကြောင်နေတာ ဘယ်သူလည်း
မင်း ရှုတ်သမျှ
ငါထုတ်ပြရင်
အားလုံးကရှုတ်ချ
ပုတ်ပွသွားမယ်
အာဏာရှင်လို
မဟာဘ၀င်နဲ့

Friday 16 November 2012

ကဗျာတွေကြောင့် - ကဗျာကို




သူ့ဝတ်လွှာကို ခြုံချင်ခဲ့တာမို့ 

အနုပညာသမားတွေရဲ့ 

မှော်ဝင်အိပ်မက် 

ပါရီညနေခင်းတွေကိုလည်း  ငြင်းခဲ့ဖူးတယ်


သူ့သံစဉ်ချိုချိုတွေကို နှလုံးသားထဲကနားဆင်ဖို့ 

အသိုင်းအ၀ိုင်းတစ်ခုလုံး 

မျှော်လင့်ချက် 

ပုခုံးထက်က ကြယ်ပွင့်များကိုလည်းခြွေချခဲ့ဖူးတယ်



နေလင်းဖြိုး(နည်းပညာ)နှင့်ကိုညီလင်းနှိုင်ဖန်တီးပါသည်