ကျွန်တော်ရေးမိသမျှလေးတွေ

Monday 3 December 2012

ကာရန်ခန်းတဲ့ ကဗျာမြစ်

သူကလောင်လက်က
အဆက်မပြတ်
စက်သေနတ်ပစ်သလို
ကာရန်တွေ မရပ်မနား အစဉ်
ကဗျာသခင်တစ်ယောက် တဲ့
အော်---- ခုတော့
မစ်ဖိုင်းရား*
ပစ်တိုင်းမသွား
သစ်ကိုင်းနားတဲ့ ငှက်ကလေးတွေက
လှောင်လှယ်ပြနေ
ကာရန်တွေ မပီသ

ကဗျာဥာဏ်တွေ မကြည်မြ
ကျည်အနေတဲ့ သေနတ်တစ်လက်
မီးကျိုးမောင်းပျက်ဖြစ်နေ ။

ပြိုင်မြင်းတို့ခွာသံလို
ကာရန်တွေ တဖြောင်းဖြောင်း
ကဗျာဥာဏ်တွေ တဂျောင်းဂျောင်း
ထောင်းထောင်းကိုထ
မာနနဲ့ ကဗျာသမား
ခုတော့ ဘာဥာဏ်များမှ မထွက်
ခြေပျက်နေတဲ့ ကာရန်
ရွှေလက်မမှန်  အရင်ဟန်များမရှိခဲ့
ချိနဲ့နဲ့ ပြိုင်မြင်းတစ်ကောင်လို
ညဉ်းချင်းတောင် မဆိုနိုင်ပေါ့ ။

စစ်   ……  အချစ်
စနစ်  …….. ခေတ်
အလှ …….. ဓမ္မ
ဓန -------- ဘဝ
ရသတွေ  အရှိန်ပြင်းပြင်း
စီးရစ်နေတဲ့ ကဗျာမြစ်
ခုတော့ ဘာတွေဖြစ်
စာအသစ်တွေ မထွက်နိုင်
လက်မှိုင်ချကာ ပမ်း
အချက်မပိုင်ကာ မှန်း
တစ်ပတ်နွမ်းစကားလုံးတွေနဲ့
ကဗျာဥာဏ်တွေ မလန်း
စာဟန်တွေ မဆန်း
ကာရန်ခန်းတဲ့မြစ်
ကျွန်ုပ်ဖြစ်နေပေါ့ ။

No comments:

Post a Comment

နေလင်းဖြိုး(နည်းပညာ)နှင့်ကိုညီလင်းနှိုင်ဖန်တီးပါသည်