မိန်ရာသီ တပေါင်း
လှကြောင်းရယ်နဲ့ စာဖွဲ့သီ ။
သရဖီခိုင် ရွှေဖီဦးတွေနဲ့
သည်နွေမှာ ပုရစ်ဖူးတွေက
လှရည်လူး မာန်ဝင့်ချီ ။
ဟန်အလှ တင့်တယ်စွာ
မာန်ပြ၀င့်ထည်ကာ ကြည်ရွှင်မြူး
ပွင့်ပုံတွေသစ်ဦးနဲ့
လှပုံတွေ စွင့်မြူးပါတဲ့
ပုရစ်ဖူး ခိုင်ရွှေညှာက
သည်ချိန်မှာ ဝေဆာလှပေမဲ့
အသေအချာ
မြေကမ္ဘာကို
ကြွေကာကျမယ်ကွဲ့
ဘယ်အရာ အစဉ်သာ လှမှာလဲ
ဘယ်အရာ ဘယ်ခါမှမြဲပါဘူး
ပုရစ်ဆင်းမှ ရင့်ရော်ရွက်ရင်း
သင်္ခါရနယ်တွင်း
ကျဆင်းရမှာ ဓမ္မာတာတစ်ခုပေမို့
နုပြီးရင် ရင့်
ပွင့်ပြီးရင် နွမ်း
လန်းပြီးရင် ကြွေ
နေပြီးရင် သေရ
အနိစ္စ မမြဲတရားကို
ကြွေဦးမဲ့ ပုရစ်ဖူးများကပြ
မိန်ရာသီရဲ့ ဓမ္မ
နွေဦး သံဝေဂတွေပေါ့ ။
ွှအရမ်းကောင်းတဲ့ကဗျာလေးပါလား...
ReplyDelete