ကျွန်တော်ရေးမိသမျှလေးတွေ

Friday 14 June 2013

သေချာသော မရေရာခြင်း

ဇာတ်သွား မနာနာအောင် အမျိုးမျိုးဆွဲဆန့်ထားတဲ့
ကိုးရီးယား ဒရမ်မာ ရုပ်ရှင်ဇာတ်ကားလည်းမဟုတ်ဘူး ။

နားဝင်ကောင်းအောင် အသံချိုချိုပြောနေတဲ့ ကြည်နူးစရာ
အိပ်ယာဝင်ပုံပြင်တစ်ပုဒ်လည်းမဟုတ်ဘူး ။


ရာမယန လို ပေးဆပ်ခြင်း ၊ စွန့်လွှင့်ခြင်း ရယူခြင်း
အားပြိုင်မှုတွေနဲ့ပြည့်နေတဲ့ ဂန္ထ၀င် ကဗျာရှည်တစ်ပုဒ်လည်းမဟုတ်ခဲ့ဘူး။

အပြုံး အရယ် ၊ အငို အသော မာယာသဘောနဲ့ အလှည့်ပြောင်းများလွန်းတဲ့
စင်တင်ပြဇာတ်တစ်ပုဒ်လည်း မဟုတ်ခဲ့ပါဘူး ။

သေချာတာတစ်ခုတော့ပြောလိုက်မယ်
အဲဒါက မရေရာတဲ့ ငါ့စိတ်ပဲ ။

တခါတလေ
အပေအတေ
ဝေလေလေနဲ့ နေချင်တဲ့င့ါစိတ် ။

တခါတလေ
ကြေကြေ ကြွေကြွေ
သေချင်တဲ့ င့ါစိတ် ။

င့ါစိတ်ဟာ ...
ဝိပဿနာ တရားကို သတိကပ်ကာ
ပွားချင်တဲ့ အခါလည်းရှိတယ် ။

အလန်းဇယားက ပန်းများနဲ့
လမ်းသလားချင်တဲ့အခါလည်း ရှိတယ် ။

ဂျောက်ဂျက် ကြက်ဖတို့ရဲ့ အတက်အကျမှန်မှန်ဘိသံနဲ့
ခေတ်တေးကို ဟစ်ကြွေးချင်တဲ့ အခါလည်းရှိတယ် ။

ဗေ့သိုဗင်ရဲ့ ဆင်ဖိုနီ ၊ မြ၀တီမင်းကြီးရဲ့ ထူးမခြားနားတေးတွေကို
တစိမ့်စိမ့်တွေး နားဆင်ချင်တဲ့အခါလည်းရှိတယ် ။

အရှင်ဇနကာဘိဝံသရဲ့ ကိုယ်ကျင့်အဘိဓမ္မာ က သိစရာတွေကို
ဖတ်ရှုမှတ်သား တန်ဖိုးထားတဲ့အချိန်တွေရှိတယ် ။

အကြည်တော်ရဲ့ သဘာဝမကျတဲ့ ဟားစရာတွေကို အားပါပါနဲ့ရယ်ပြီး
ဖတ်ချင်တဲ့ အချိန်တွေရှိတယ် ။

တစ်ခါတစ်ရံမှာ အိုမာခယမ်ရဲ့ ကဗျာလို
ချစ်သူလေးရယ် ကဗျာတစ်ပုဒ် ၊ ၀ိုင်တစ်ခွက်နဲ့
ကမ္ဘာအပြင်ဖက်မှာ နေချင်တဲ့ င့ါစိတ် ။

တစ်ခါတစ်ရံမှာ စမ်းချောင်းလေးဘေးမှာ အလွမ်းအကြောင်း
တေးကဗျာတွေ ကို တွေးကာရေးကာသီချင်တဲ့ င့ါစိတ် ။

တစ်ခါတစ်လေမှာ သာဟာဆွေတွေနဲ့
ဘီယာဘားမှာ ကြည်စရာပွား ရယ်စရာစကားတွေတွေ ပြောချင်တဲ့င့ါစိတ် ။

တစ်ခါတစ်ရံမှာ တောရပ်မြိုင်မှီး စိတ်ပုတီးနဲ့ ရိပ်ကြီးခို ကုသိုလ်တွေလိုချင်တဲ့ င့ါစိတ် ။

တစ်ခါတစ်လေမှာ အတိုက်အခိုက် ခပ်မိုက်မိုက်နဲ့ ဒုစရိုက်နယ်မှာကျင်လည်ချင်တဲ့င့ါစိတ် ။

ဖမ်းဆုပ်လို့မရ လွင့်မျောလှတဲ့ ငါ့စိတ်ဆိုတာ အဖြေကိုရှာ
သေချာတာတစ်ခုမှ မရှိခဲ့ပါလား ။ ။

No comments:

Post a Comment

နေလင်းဖြိုး(နည်းပညာ)နှင့်ကိုညီလင်းနှိုင်ဖန်တီးပါသည်