သူ့ဝတ်လွှာကို ခြုံချင်ခဲ့တာမို့
အနုပညာသမားတွေရဲ့
မှော်ဝင်အိပ်မက်
ပါရီညနေခင်းတွေကိုလည်း ငြင်းခဲ့ဖူးတယ်
သူ့သံစဉ်ချိုချိုတွေကို နှလုံးသားထဲကနားဆင်ဖို့
အသိုင်းအ၀ိုင်းတစ်ခုလုံး
မျှော်လင့်ချက်
ပုခုံးထက်က ကြယ်ပွင့်များကိုလည်းခြွေချခဲ့ဖူးတယ်
လူများတက်မက်တဲ့ ဒုတိယဘုရားသခင်ရဲ့
တစိမ်းဆန်ဆန် ကြဉ်ထားခြင်းကို ခံခဲ့ရဖူးတယ်
သူ့ကကြိုးတွေမှာ နစ်မျောခဲ့ဖူးတာမို့
ကစားရွယ် ငယ်ကတည်းက
စွဲတဲ့အချစ်နဲ့
ခွဲတဲ့အဖြစ်ကြုံခဲ့ဖူးတယ်
သူပေးတဲ့ သင်ခန်းစာလှလှကို
ဈာန်အာရုံဝင်ခဲ့မိလို့
ဆွေမျိုးစုတွေက
မေတ္တာကြိုးဖြတ်ခဲ့ဘူးတယ်
သူဆိုတဲ့ ကဗျာ
အရာရာကိုစွန့်လွှတ်ခဲ့ပေမဲ့
အခါခါလေ ကိုယ်ခွင့်လွှတ်ခဲ့နေခဲ့
ခုတော့ ဒီ ကဗျာတွေကြောင့်
ဒီကဗျာတွေအတွက်
ဒီကဗျာတွေကြောင့်ပဲ
ကဗျာတွေနဲ့ ဝေးတဲ့နေရာ
ထွက်ပြေးချင်ပါလား ။
ဒီရေလှိုင်း
No comments:
Post a Comment